hover animation preload

သိစေချင်တယ်
by စာဂဘ၀င် in

။သိစေချင်တယ်။

ပန်စေချင်သူဉပေက္ခာပြုခဲ့တဲ့
အဉီးဆုံးဖူးပွင့်လာခဲ့အချစ်ပန်း
မနွမ်းခြောက်သေးပေမယ့်
အထီးကျန်စွာပဲရှင်သန်နေရဲ့။
ကောင်မလေးရယ်
အချစ်စိတ်ကလောင်နဲ့
ရေးခြစ်ခဲ့တဲ့အတိတ်စာမျက်နာတွေမှာ
ရင်နာစရာကဗျာလေးတွေက
မျက်ရည်စက်လေးတွေနဲ့
နှလုံးသားကိုခွင်းပြထားတယ်ကွယ် ။

မျှော်လင့်ချက်တွေမျှော်လင့်ရက်တွေ
အဆုံးသတ်သွားခဲ့ပါပြီး
ခြေဉီးပြန်မလှည့်ချင်သေးပေမယ့်
လမ်းကဆုံးသွားခဲ့ပါပြီး
အဆုံးသတ်မရသေးတဲ့
အချစ်စိတ်တွေက စိတ္တဇညတွေ
ငါ့ကိုပေးနေတုန်းဘဲကွယ်
ကွက်လပ်တွေများတဲ့ငါ့ဘဝမှာ
ကွက်လပ်တွေကိုဖြည့်နေရင်း
ကွက်လပ်တချို့ထပ်တိုးနေပြန်ရဲ့။

0 မှတ်ချက်:

Post a Comment