hover animation preload

လှလှပပအဆုံးသတ်လို
by စာဂဘ၀င် in

လှလှပပဆုံးသတ်လိုဧ။်
၊၊၊၊၊ ၊၊၊၊၊ ၊၊၊၊   ၊၊၊။၊၊၊၊
ရမက်ဆွဲရာ လိုက်လို့ပါကာ

သက်တမ်းရင့်ရော် ဖြစ်လာသော်လည်း

မွေ့လျော်ရာလွှဲ ဖြစ်နေဆဲပင်

အမှားအမှန် သိနေပြန်လည်း

ဉာဏ်ကိုစိတ်က လွှမ်းခြင်း ဆတိုး

အဖြစ်မျိုးက မလွတ်ကြသေး။

တနေ့တစ်မျိုး မက်စိတ်စိုးလို့

ကျိုးစားရုန်းကန် အားမာန်ထန်လျှက်

အချိန်တွေအား ကုန်စေသွားဧ။်

သင်္ခါရပေါ် စိတ်မွေ့လျှော်ရင်း

နိဂုံးအရေး အလေးပေးမှု

မေ့ခြင်းကြီးကာ မေ့နေရှာသည်

ချိန်လွန်နောင်တ မရသေးခင်

ပြင်သင့်တာပြင် မြင်သင့်တာမြင်

လုပ်သင့်တာလုပ် ဖြုတ်သင့်တာဖြုတ်

လှလှပပ ဆုံးသတ်လိုဧ။်

0 မှတ်ချက်:

Post a Comment